
ပူဆွေးမှုကြားမှ ကျေးဇူးတော်
မြစ်တစ်မြစ်အထက်တွင် ပျံသန်းနေသော ရှုခင်းကြည့်ရဟတ်ယာဉ်တစ်စင်း အပိုင်းပိုင်းပြတ်ပြီး ပျက်ကျသွားသည့်သတင်းကို တစ်ကမ္ဘာလုံးက တုန်လှုပ်စွာ ကြည့်ရှုခဲ့ကြသည်။ ပန်ကာဒလက်နှင့် အမြီးပိုင်းပြတ်ထွက်သွားပြီးနောက် မြစ်ထဲသို့ ရဟတ်ယာဥ်ထိုးဆင်းသွားရာ၊ လေယာဉ်မှူးနှင့် မိသားစုဝင်ငါးဦးတို့ ပိတ်မိပြီး အသက်ဆုံးရှုံးခဲ့ကြသည်။ သူ၏အစ်မ၊ ယောက်ဖ၊ တူမ နှင့်တူနှစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည့် ဤကြေကွဲဖွယ်ဖြစ်ရပ်အပြီး ရက်အနည်းငယ်အကြာတွင် မောင်ငယ်ဖြစ်သူက ချစ်ရသူများအား ဂုဏ်ပြုရန် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး “သူတို့အားလုံး အတူတူ ထွက်ခွာသွားကြတာပဲ”ဟု ပြောခဲ့သည်။
ဘဝဆိုသည်မှာ မျက်စိတမှိတ်အတွင်း ပြောင်းလဲသွားနိုင်ပြီး မပြောပြနိုင်သော ဆုံးရှုံးမှုများကြောင့် တုန်လှုပ်ချောက်ချားရတတ်သည်။ ယောဘသည်လည်း ဖော်ပြ၍မရနိုင်သောဆုံးရှုံးမှုနှင့် ဝမ်းနည်းပူဆွေးမှုကို ခံစားခဲ့ရသည်။ ကြေကွဲဖွယ် တစ်နေ့ချင်းတွင် အစေခံများအသတ်ခံရခြင်း၊ တိရစ္ဆာန်များအခိုးခံရခြင်း၊ သေဆုံးသွားခြင်း သတင်းများကို ယောဘကြားသိခဲ့ရသည်(ယောဘ ၁:၁၃-၁၇)။ ထို့နောက် သူ၏သား၇ယောက်နှင့် သမီး၃ယောက်တို့ အတူရှိနေစဉ် အားကြီးသောလေပြင်းကြောင့် ၎င်းတို့ရှိနေသည့် အိမ်ပြိုကျကာ အားလုံးသေဆုံးသွားကြောင်း (:၁၈-၁၉) သာ၍ဆိုးဝါးသောသတင်းကို…
သင်တို့သည် ငါ့အား ပြုကြပြီ
၁၉၆၃ ခုနှစ် ၉ လ ပိုင်းတွင် ဝေလနိုင်ငံသားအနုပညာရှင်ဂျွန်ပက်စ်သည် အလာဘားမား ပြည်နယ်၊ ဘာမင်ဂမ်မြို့ရှိ ၁၆ လမ်း နှစ်ခြင်းဘုရားကျောင်း(16th Street Baptist Church)၌ လူမျိုးရေးမုန်းတီးမှုကြောင့် ဗုံးခွဲတိုက်ခိုက်ခံရပြီး၊ အာဖရိကန်-အမေရိကန် မိန်းကလေး ၄ ဦး သေဆုံးခဲ့သည့် သတင်းကို ကြားသိခဲ့ရသည်။ သူသည် တစ်ဖက်တစ်လမ်းမှ ကူညီလိုသဖြင့် ပျက်စီးသွားသော ဘုရားကျောင်း၏ရောင်စုံမှန်စီပန်းချီပြတင်းပေါက်ကို အသစ်လဲလှယ်ပေးရန် ကမ်းလှမ်းခဲ့သည်။ မကြာမီမှာပင် ဝေလနိုင်ငံသားများကလည်း ထိုကိစ္စအတွက် ရန်ပုံငွေများကောက်ခံပေးခဲ့သည်။
ပက်စ် အသစ်လဲလှယ်ပေးသော ပြတင်းပေါက်မှ ထူးခြားသည့် ပန်းချီကားမှာ လက်ဝါးကပ်တိုင်ပေါ်ရှိ ယေရှု၏ပုံရိပ်ဖြစ်ပြီး၊ သခင်၏ ညာလက်တော်မှာအမုန်းတရားကို ဖယ်ထုတ်ခြင်းကို ကိုယ်စားပြုသည့် မှန်ဘောင်ကို တွန်းကန်နေဟန် ဖြစ်ပြီး၊ ဘယ်လက်တော်ကိုမူ ခွင့်လွှတ်ခြင်းပေးရန် ဖြန့်ထားသည်။ အောက်ခြေတွင် “သင်တို့သည် ငါ့အားပြုကြပြီ”ဟူသောစာသားကို ရေးထိုးထားသည်။ ဤစကားလုံး များကို မည်သူ့အား သခင်…

ပျက်စီးခြင်းများမှ သင်ခန်းစာ
“မြွေတွေ၊ အင်းဆက်ပိုးမွှားတွေ၊ ကျားသစ်တွေနဲ့ တခြားအရာအားလုံးကို သတိထား ရမယ်”ဟု ရှေးဟောင်းသုတေသနပညာရှင် အိုင်ဗင်ရှပရိုက်ဇ် (Ivan Šprajc)က ပြောသည်။ သူတို့အဖွဲ့သည် ပျောက်ဆုံးနေသော အိုကွန်တွန်း(Ocumtún) မြို့တော်ဟောင်းဆီသို့ ရောက်ရှိရန် လွှစက်များနှင့် ဓားရှည်များကို သုံးပြီး ထူထပ်လှသော တောနက်ကြီးကို ရှင်းလင်းခဲ့ကြရသည်။ မက္ကဆီကို နိုင်ငံ၊ ယုကတန်ကျွန်းဆွယ် (Yucatán Peninsula)ပေါ်တွင် တစ်ချိန်က အလွန်စည်ကားထွန်းကားခဲ့သော မာယာ(Mayan)ယဉ်ကျေးမှုကြီးနှင့်အတူ ထိုရှေးဟောင်းမြို့ပြကြီးမှာ အစ အန မကျန် ပျောက်ကွယ်သွားခဲ့ပြီး၊ အကြောင်းရင်းကို မည်သူမျှ မသိရှိကြပေ။
“သမိုင်းကို လေ့လာတယ်ဆိုတာဟာ ကြီးမားတဲ့ အတိုင်းအတာအရ အပျက် အစီးတွေကို လေ့လာတာပါပဲ”ဟု စာရေးဆရာ ဂျော့ချ်ဝေးလ် က ဆိုသည်။ ဤသည်မှာ လူသားများ ဖန်တီးသမျှအရာအားလုံး မတည်မြဲခြင်းကို ပြသနေသည်။
သမ္မာကျမ်းစာ၌ အလွန်စည်ကားခဲ့သည့် မြို့တစ်မြို့အကြောင်း ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ ဖတ်ရှုရသည်။…


သိုးများကို ဖမ်းဆီးသော တံငါသည်များ
မြင်လိုက်ရသည်နှင့်ပင် ချက်ချင်း အာရုံကိုဖမ်းစားသည့် ဗီဒီယိုများထဲမှ တစ်ခုမှာ ယီမင်နီနိုင်ငံမှ တံငါသည်များသည် ပင်လယ်နီအတွင်း၌ နစ်မြှုပ်လုနီးပါးဖြစ်နေသော သိုးရာပေါင်းများစွာကို အသည်းအသန် ကယ်ဆယ်နေကြသည့် ဗီဒီယို ဖြစ်သည်။ သိုးထောင်ပေါင်းများစွာ တင်ဆောင်လာသော သင်္ဘောတစ်စီး သည် ဂျီဘူတီ (Djibouti) နိုင်ငံသို့ ဦးတည်မောင်းနှင်နေစဉ် တိမ်းမှောက်ကာ ယီမင်နိုင်ငံ၊ ရပ်စ်အယ်အာရာ (Ras Al-Ara) ကမ်းလွန်တွင် သောင်တင်ခဲ့ပြီး၊ သိုးအကောင် ၁၆၀ ကျော် ရေနစ်သေဆုံးခဲ့သည်။ သို့ရာတွင် တံငါသည်တစ်စု၏ ပူးပေါင်းကူညီမှုကြောင့် သိုးအများအပြားကို ကယ်တင်နိုင်ခဲ့ပါသည်။ သူတို့သည် ငါးဖမ်းမည့်အစား “သိုးတို့ကို ကယ်ဆယ်”ခဲ့ကြသည်။
ဤမြင်ကွင်းကို ပထမဆုံး မြင်မြင်ချင်းတွင် “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်ရှိကြ၏”ဟူသော(ဟေရှာ ၅၃:၆) ကျမ်းချက်ကို ပြန်သတိရမိသည်။ တစ်ချိန်တည်းမှာပင် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတို့ ထိထိမိမိဆက်စပ်နေပုံကို ဆင်ခြင်ရင်း—ယေရှုခရစ်တော်က သူ၏ ပထမဆုံးတပည့်တော်များကို ဖိတ်ခေါ်ခဲ့သော စကားသည်လည်း…
လွတ်လပ်စွာ ရှင်သန်ခြင်း
အောက်တိုဘာလခေါင်းစဥ် | ဝိညာဥ်ပကတိ/ ဝိညာဥ်အသီး
သခင်ယေရှုကို ယုံကြည်သူတစ်ဦးသည် ဝိညာဥ်တော်၌ အသက်ရှင်ခြင်းနှင့် ဇာတိအလိုသို့လိုက်၍ အသက်ရှင်ခြင်း ဟူသည့် အသက်ရှင်မှုနှစ်ခု၏ကြား အဆက်မပြတ်သော တင်းအားကို ခံစားကြရသည်။ ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းနှစ်ခုသာရှိသည်။ ပထမနည်းလမ်းမှာ သေလိုက်ပြီး ဘုရားရှင်ထံ…
ဘုရားသခင်၏ သနားကရုဏာတော်
စက်ဒီ (Sadie)ကို ကျွန်မသဘောမကျပါ။ သူက ကျွန်မ၏လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး၊ မကြာခဏ ကျွန်မအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလေ့ရှိ၍ သူမကို ကျွန်မ ရှောင်ခဲ့သည်။ ထို့ကြောင့် ဘုရားကျောင်းမှ ဧဝံဂေလိအစီအစဥ်အကြောင်း သူမ ကြားသိသွားပြီး ကျွန်မနှင့်အတူ လိုက်၍ရမည်လားဟု လာမေးသောအခါ ဂရုမစိုက်ဟန်ဖြင့် “ကြည့်အုံးမယ်လေ”ဟုသာ ကျွန်မတိုးတိုးလေးပြန်ဖြေခဲ့သည်။
ရက်များကုန်လွန်သွားပြီး ဤအကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားပုံရသည်။ သို့သော် ဘုရားသခင်က မမေ့ပါ။ စက်ဒီကို ဖိတ်ခေါ်ရန် စောင့်ဆိုင်းနေသည့် ဘုရားသခင်၏မျက်နှာသာတော်ကို ကျွန်မ ခံစားနေရသည်။ တစ်နေ့ ကျွန်မဆုတောင်းနေစဥ် “စက်ဒီအပေါ် မင်းရဲ့တုံ့ပြန်မှုကို ပြန်စဉ်းစားကြည့်ဦး။ အဲဒါမှန်ရဲ့လား”ဟူ၍ အတွေးထဲ၌ မေးခွန်းတစ်ခု ဝင်လာသည်။
အား! ဤမေးခွန်းက နိနေဝေမြို့သားတို့ နောင်တရပြီးနောက်တွင် ဘုရားသခင်က ပရောဖက်ယောနအား “သင်သည် အမျက်ထွက်အပ်သလော”(ယောန ၄:၄)ဟု မေးခဲ့သည်ကို ပြန်သတိရသွားစေသည်။ ယောနသည် နိနေဝေမြို့သားများ၏ အပြစ်ကြောင့် ဘုရားသခင်၏တရားစီရင်ခြင်းခံရမည်ဟု…